Posts

ကွန်ပျူတာ အသုံးများသူတွေ မျက်စိ မထိခိုက်စေရန် ကာကွယ်နည်း

Image
ကွန်ပျူတာ သုံးတဲ့သူ အများစုက 10-10-10 rule တို့ 20-20-20 တို့ ကို သိကြမယ်လို့ယုံကြည်ပါတယ်။ မသိရင်လည်း ဒီမှာ တခါတည်း ပြောပြမယ်နော်။     10 minute တခါ 10 feet အဝေးကို 10 seconds ကြည့်ပေးတာကို 10-10-10 လို့ခေါ်ပါတယ်။ 20-20-20 ဆိုတာလည်း အလကားတူပေါ့။ တချို့လည်း 15-15-15 ကိုသုံးကြတယ်။ ကျွန်တော်ကတော့ 15-infinity-20 ကို သုံးပါတယ်။ ဆိုလိုတာ 15 minute နေတခါ အဝေးက အရာတွေကို 20 seconds လောက်ကြည့်ပေးပါတယ်။ ဘာလဲ။ အဲလိုကြည့်တော့ ဘာဖြစ်မှာလဲ လို့မေးချင်နေပြီမလား    အဝေးကိုကြည့်ပေးတယ်ဆိုတာ မျက်စိကို အနားပေးလိုက်တယ်ဆိုတဲ့သဘောပါ။ မျက်စိမှိတ်လိုက်တာက ပိုအနားယူရာ ရောက်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ဘာလို့ဆို အနီးကိုကြည့်နေတဲ့အချိန် မျက်စိထဲက ciliary muscle က မျက်စိထဲက lens ကို ထူအောင် ဆွဲချဲ့ထားရတာပါ။ အဝေးကိုကြည့်လိုက်တော့ muscle က relax ဖြစ်ပြီး lens ကို ပြန်ပါးအောင် လုပ်ပေးပါတယ်။ ဥပမာ ခြောက်ထောက်တွေကွေးတာ ကြာသွားရင် ညောင်းလာလို့ ဆန့်ပေးရသလိုမျိူးပေါ့။ နောက်ပြီး အနီးကိုကြည့်တာ အရမ်းကြာသွားရင် ciliary muscle တွေတောင့်သွားပြီး nearwork-induced pseudomyopia ဆိုတာဖြစ်တတ်ပါတ...