ကွန်ပျူတာ အသုံးများသူတွေ မျက်စိ မထိခိုက်စေရန် ကာကွယ်နည်း
ကွန်ပျူတာ သုံးတဲ့သူ အများစုက 10-10-10 rule တို့ 20-20-20 တို့ ကို သိကြမယ်လို့ယုံကြည်ပါတယ်။ မသိရင်လည်း ဒီမှာ တခါတည်း ပြောပြမယ်နော်။
10 minute တခါ 10 feet အဝေးကို 10 seconds ကြည့်ပေးတာကို 10-10-10 လို့ခေါ်ပါတယ်။ 20-20-20 ဆိုတာလည်း အလကားတူပေါ့။ တချို့လည်း 15-15-15 ကိုသုံးကြတယ်။ ကျွန်တော်ကတော့ 15-infinity-20 ကို သုံးပါတယ်။ ဆိုလိုတာ 15 minute နေတခါ အဝေးက အရာတွေကို 20 seconds လောက်ကြည့်ပေးပါတယ်။
ဘာလဲ။ အဲလိုကြည့်တော့ ဘာဖြစ်မှာလဲ လို့မေးချင်နေပြီမလား
အဝေးကိုကြည့်ပေးတယ်ဆိုတာ မျက်စိကို အနားပေးလိုက်တယ်ဆိုတဲ့သဘောပါ။ မျက်စိမှိတ်လိုက်တာက ပိုအနားယူရာ ရောက်တယ်လို့ ထင်ရပေမဲ့ တကယ်တော့ မဟုတ်ပါဘူး။ ဘာလို့ဆို အနီးကိုကြည့်နေတဲ့အချိန် မျက်စိထဲက ciliary muscle က မျက်စိထဲက lens ကို ထူအောင် ဆွဲချဲ့ထားရတာပါ။ အဝေးကိုကြည့်လိုက်တော့ muscle က relax ဖြစ်ပြီး lens ကို ပြန်ပါးအောင် လုပ်ပေးပါတယ်။ ဥပမာ ခြောက်ထောက်တွေကွေးတာ ကြာသွားရင် ညောင်းလာလို့ ဆန့်ပေးရသလိုမျိူးပေါ့။ နောက်ပြီး အနီးကိုကြည့်တာ အရမ်းကြာသွားရင် ciliary muscle တွေတောင့်သွားပြီး nearwork-induced pseudomyopia ဆိုတာဖြစ်တတ်ပါတယ်။ pseudomyopia ကို အနားယူမပေးပဲ ဆက်ထားမယ်ဆိုရင် တကယ့် myopia ဖြစ်လာတတ်ပါတယ်။ အလွယ်ပြောရရင် အဝေးမှုန်တတ်ပါတယ်။ ဒါ့အပြင် မျက်ရိုးကိုက်တာတို့ မျက်စိကျိန်းတာတို့လည်း ဖြစ်တတ်ပါတယ်။
ဟုတ်ပြီ ဒီ rule တွေလည်း သိပြီ။ ဒါပေမဲ့ တကယ်အလုပ်လုပ်တဲ့အခါကျတော့ အဝေးကိုကြည့်ဖို့ မေ့မေ့ နေတတ်တယ်။ ဒီအတွက် ကိုယ့်ကို အမြဲ သတိပေးနေမယ့် software လေးတွေ ဆောင်ထားရုံနဲ့ ဖြေရှင်းနိူင်ပါတယ်။
Mac မှာ timeout ဆိုတာရှိပါတယ်။ တော်တော်လေး အဆင်ပြေပါတယ်။
Windows အတွက် eyeleo ရှိပါတယ်။ တခြား software တွေလည်း အများကြီးရှိပါသေးတယ်။
Linux အတွက် Workrave နဲ့တခြား အများကြီးရှိပါလိမ့်မယ်။ မှားလို့ GNU/Linux အတွက်လို့ပြောတာ။ Richard Stallman ကိုသတိရသွားလို့ပါ။
နောက်တချက်က computer screen ပေါ်မှာ reflection တွေ နည်းနိူင်သလောက် နည်းနေဖို့အရေးကြီးပါတယ်။
ပြီးရင် ဘေးပတ်ဝန်းကျင် အလင်းရောင်လည်း အရေးကြီးပါတယ်။ အရမ်းကြီးလင်းနေရင် သို့မဟုတ် မှောင်နေရင် မျက်စိထိပါတယ်။ မှောင်တာနဲ့ လင်းတာနဲ့ ယှဉ်ကြည့်ရင်တော့ အရမ်းလင်းနေတာက ပိုဆိုးပါတယ်။ လင်းတာက ပိုဆိုးတယ်ဆိုလို့ အမှောင်ထဲနေပြန်တော့လည်း ထိတာပဲ။ အလင်းရောင် အနေတော် ထားတာ အဆင်ပြေပါတယ်။
computer screen အလင်းက အရမ်းကြီးလင်းနေရင်လည်း မျက်စိ ထိပါတယ်။ brightness တို့ text size and contrast တို့ကိုလည်း ကိုယ့်မျက်စိ သက်တောင့် သက်သာ ရှိမယ့် အနေအထား မှာထားဖို့လိုပါတယ်။
ကိုယ့်ရဲ့ တန်ဖိုးရှိတဲ့ မျက်စိကိုယ် ဂရုစိုက်နိူင်ကြပါစေ။ ရွှင်လန်းချမ်းမြေ့ကြပါစေ။ မြဝတီတော့ မဟုတ်ဘူးနော် 😂😂

Comments
Post a Comment